- သူသည် ကျွန်မကို အလိုလိုက် ဂရုစိုက်တတ်သော အကိုတစ်ယောက် ဖြစ်သလို ချွဲနွဲ့၍ နွဲ့ဆိုးဆိုးတတ်သော မောင်ငယ်လေး တစ်ယောက်လည်း ဖြစ်သည်။
- သူသည် ကျွန်မနှင့် ဆိုးတူကောင်းဖက် မျှဝေတတ်သော သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်သလို ကျွန်မ ဂျစ်ကန်ကန်လုပ်လျှင်လဲ ဆူပူတတ်သော လူကြီးတစ်ယောက်လည်း ဖြစ်သည်။
- သူသည် ကျွန်မ နာမကျန်းလျှင် ဆေးတိုက် ဂရုစိုက်တတ်သော ဆရာဝန်တစ်ယောက် ဖြစ်သလို ဖျားနေလျှက်နှင့် ကျွန်မ တောင်းဆိုလျှင် ဟိုးအဝေးကြီး တောင်တန်းများပေါ်သို့ ခေါ်ဆောင်သွားတတ်သော ချစ်သူ တစ်ယောက်လည်း ဖြစ်သည်။
- သူသည် အစပ်နှင့် မတည့်ပေမယ့် မာလာဟင်းကြိုက်သော ကျွန်မကို မာလာဟင်းကျွေးပြီး ဆေးတိုက်တတ်သောသူလည်း ဖြစ်သည်။
- သူသည် ကျွန်မရှေ့က မားမားရပ် ကာကွယ်တတ်သော သူရဲကောင်းတစ်ယောက် ဖြစ်သလို ကျွန်မအပြုံးကို မော်ဖူးချင်သော သိုးငယ်လေးလည်း ဖြစ်တတ်သေးသည်။
- သူသည် Heavy Rock ကို ရင်ခုန်စွဲလမ်းသော ဂီတချစ်သူ တစ်ယောက် ဖြစ်သလို ကျွန်မကို သီချင်း အေးအေး ဆွေးဆွေးလေးတွေ ဆိုပြတတ်သော ကျွန်မ၏ အဆိုတော် တစ်ယောက်လည်း ဖြစ်သည်။
- သူသည် ဘောလုံးကို ၀ါသနာပါသော အားကစား ဂျာနယ်ဖတ်သူ တစ်ယောက် ဖြစ်သလို ကျွန်မ၏ ပေါက်ကရစာများကိုလဲ ဂရုတစ်စိုက် ဖတ်ပေးတတ်သော ကျွန်မ၏ စာဖတ်ပရိသတ် တစ်ယောက်လည်း ဖြစ်သည်။
- သူသည် ဘ၀မှာ နာကျဉ်စရာတွေ၊ မွန်းကြပ်စရာတွေကို မျိုသိပ်နိုင်စွမ်းရှိသူ ဖြစ်သလို ကျွန်မကို အေးအတူ ပူတစ်ဝက်သာ မျှဝေတတ်သော ကျွန်မ၏ ရင်ခုန်ဖက်လူလည်း ဖြစ်သည်။
- သူသည် အရာရာကို ဖြေရှင်းနိုင်သော ရင့်ကျက်သောသူ ဖြစ်သလို စိတ်ပူပြီး တစ်တွတ်တွတ် မှာတမ်းခြွေတတ်သော ကျွန်မကို “ဟုတ်ကဲ့” ဟု ပြောတတ်သော သူငယ်လေး တစ်ယောက်လည်း ဖြစ်သည်။
- သူသည် ကျွန်မ၏ ဟိုးအဝေးက လမင်း ဖြစ်သလို ကျွန်မ အနားမှာ ရှိတတ်သော အေးမြမြ လေညှင်းလေးလည်း ဖြစ်သည်။
- သူ့ကို ကျွန်မ ချစ်သည်။
